စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး သွင်းအားစုများပေးအပ်
မုံရွာ၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ် လ ၇ ရက်၊ မွန်းလွဲ ပိုင်းက ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်၊ တောင်သူ ဦးစောနိုင်၏ ၅.၆၂ ဧကအတွင်း စိုက်ပျိုးထားသည့် ဆင်းသုခစပါးခင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေးစံပြကွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေ ဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာသူများနှင့် ဒေသခံတောင်သူများမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ် ပြသမှုအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူများအား သွင်းအားစုဓါတ်မြေ ဩဇာများနှင့် ပိုးသက်ဆေးများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်အတွင်း၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး တိုင်းဒေသကြီး အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးက ကလေးခရိုင် အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) ခရိုင်ဦးစီးမှူးက ဆည်/တမံများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေ အနေများအား လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်း မြေယာကိစ္စလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများအား လည်းကောင်း၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဝေပေးထားမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ အလေးထား ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးထပ်စိုက်ဧကများအား ရနိုင်သ၍ တိုးချဲ့စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့် ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ချမ်းမြအောင်စည်ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပပြလုပ်သည့် ဆွမ်းဆန်၊ ဆီနှင့်လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးမြို့၊ ချမ်းမြအောင်စည်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက၊ ဘဒ္ဒန္တ ဥတ္တရသာရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံ ဃာဆရာတော်များထံ ဆွမ်းဆန်၊ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်း ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။



















