စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို မေလ ၁၁ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ မဟာဇေတိကာရာမကျောင်းတိုက်၊ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဉက္ကဌဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြည်ညိုပြီး ဆရာ တော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ဝထ္တုပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ ဉက္ကဌဆရာတော် ဘဒ္ဒန္တဉာဏဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နေ့ဆွမ်း များဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရဟန်း(၅၉)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များမှ သိမ်ဆင်း ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထု ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။
























