စစ်ကိုင်းတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ပြုလုပ်
မုံရွာ ၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအားအသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓါတ်သတ္တု ထုတ်လုပ်ခြင်းနှင့် အစိုးရမှခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွင့်ပြုပေးရမှာဖြစ်သလို မြေယာမဲ့နိုင်ငံသားများ၊ ဒေသခံများမှ မြေယာဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ကြခြင်းအား ခွင့်ပြုပေးခြင်းဖြင့်လည်း တစ်ဖက် တစ်လမ်းမှလည်း အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိစေမှာဖြစ်သလို သီးနှံစိုက်ပျိုးထုတ်လုပ် မှုကြောင့် ဒေသနေပြည်သူတို့၏ စားဝတ်နေရေးအတွက် လည်းအထောက်အပံ့ရစေမှာ ဖြစ်ပါ ကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အနေဖြင့်လည်း အမှန် တကယ် ဖော်ထုတ်လုပ်ကိုင်မည့် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များကို စိစစ်ခွင့်ပြု ထောက်ခံရန်လိုအပ်သလို မြေဦးထားသကဲ့သို့ မြေများရယူပြီး စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသူများ အတွက်လည်း ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ပြီး လုပ်ပိုင်ခွင့် အသုံးပြုခွင့်အတွက် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကိုလည်း ထိထိရောက်ရောက် ကောက်ခံရရှိရန် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများအား တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေလွတ်၊ မြေရိုင်းများအား အသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးရေး၊မွေးမြူရေး၊ ဓါတ်သတ္တုထုတ်လုပ်ခြင်း၊ အစိုးရမှခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအား ထိရောက်မှန်ကန်စွာ အသုံး ချစီမံဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များမှလည်းဝိုင်းဝန်းပူးပေါင်း၍ နိုင်ငံ့အကျိုး၊တိုင်းဒေသ ကြီး အကျိုးကိုရှေ့ရှုဆောင်ရွက်၍ အဂတိကင်းရှင်းစွာနှင့် အမျှတဆုံးဖြစ်အောင် ပွင့်ပွင့်လင်း လင်း ဆွေးနွေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မ တီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး တိုင်းဒေသကြီးအတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများလျှောက်ထားလာမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများလျှောက်ထားလာမှုများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

































