မုံရွာ၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ်၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် လ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူငယ်မောင်မယ်များ နည်းပညာနှင့် နီးစပ်မှုရှိအောင်၊ တတ်ကျွမ်း နားလည်မှုရှိအောင် ယခုလိုကွန်ပျူတာသင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကလေးမြို့များတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ သင်တန်းပေါင်း ၇၀ ကြိမ်တွင် သင်တန်းသားပေါင်း ၉၇၀ ဦးအား ကျွန်ပျူတာပညာရပ် များလေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လည်ပတ်စရာ များ၊ လေ့လာစရာများ ပြည့်ဝနေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ပြည်တွင်း၊ပြည် ပခရီးသွားများ လာရောက်လေ့လာပါက ပြောဆိုနိုင်ရန်၊ ဝမ်းစာပြည့်ဝရန် ကမ္ဘာသုံးဘာ သာစကားများ တတ်မြောက်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့ ပညာသင်ကြားရန်၊ လေ့လာရန် အလုပ်အကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင်အသုံးများသည့် ဘာသာစကား များတတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် လည်း သင်တန်းအားစည်ကမ်းတကျနှင့် ပြီးဆုံးသည်အထိ တက်ရောက်သွားကြရန်နှင့် အခြေခံမှသည် အဆင့်မြင့်တက်မြောက်စည်အထိ ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကွန်ပျူတာသင်တန်းအမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ်/ဂျပန် စကား ပြောသင်တန်းများအတွက် ငွေကျပ် ၁၆၃၀၀၀၀ (တစ်ဆယ်ခြောက်သိန်း သုံးသောင်း) ကျပ်အား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဆန်းဝင်းထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကွန်ပျူတာသင်တန်းအမှတ်စဉ် (၄/၂၀၂၅)နှင့် အခြေခံတရုတ် ၊ အခြေခံဂျပန် စကားပြောသင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ ကွန်ပျူတာသင်တန်းခန်းမအတွင်း ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၅) သင်ကြား နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသား ဖွားသင်တန်းကျောင်း(မုံရွာ)၌ ကျင်းပပြုလုပ်သည့် အထူးနေ့လည်စာစားပွဲသို့ တက် ရောက်ရာ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ များ၊ သင်တန်းသား၊သင်တန်းသူများနှင့်အတူ အထူးနေ့လည်စာ အတူတကွ သုံးဆောင် ခဲ့ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် သောက်ရေသန့်စက်အတွက် ငွေကျပ်- ၁၄၅ သိန်းကျပ် အား ကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)အတွက် ငွေကျပ်- ၁၀ သိန်းအား ဒုတိယကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိသင်တန်း သား/သင်တန်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လှူဒါန်းထားသည့် တစ်နာရီလျှင် လီတာ ၂၅၀ ထွက်ရှိသည့် ရေသန့် စက်တပ်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။