စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများ နှင့်တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၄
စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၄ ရက်၊ နံနက် ပိုင်းတွင် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်၊ ဆင်များရှင်စေတီတော်ကြီးရှိ သာသနာ့ဗိမ္မာန် တော်အတွင်း ကျင်းပပြုလုပ်သည့် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများမှ ခရိုင်ဦးစီးမှူးများက စစ်ကိုင်းခရိုင် အတွင်း မိမိတို့ဌာနများအလိုက် လုပ်ငန်းများတာဝန်ယူဆောင်ရွက်နေသည့် လုံခြုံတည် ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြ သည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စစ်ကိုင်းခရိုင်အဆင့် ဌာန ဆိုင်ရာများအနေဖြင့် မိမိဒေသအတွင်း လုံခြုံတည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေး လုပ် ငန်းများအား အလေးထား ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြည့် ဝစေရေအတွက် ဌာနများအချင်းချင်း ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်ထား သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့များနှင့် ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် စစ်ကိုင်းမြို့အား ယခင်ငလျင်မလှုပ်ခင်ကာလထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


























