စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ကျောင်းများ အေးချမ်း တည်ငြိမ်စွာပညာသင်နေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် ဇွန်လ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းမြို့၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဝန်ထမ်းနေအိမ်အဆောက်အဦများ ကြံ့ခိုင်မှုစစ်ဆေးနေမှု၊ Modular House များတွင်နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများ အတွက် စားဖိုဆောင် အလျား -၄၄ ပေ၊ အနံ - ၂၄ ပေ အဆောက်အဦသစ် တည်ဆောက်နေမှုနှင့် Modular House များနှင့် ဝန်ထမ်းများအား စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စစ်ကိုင်းမြို့၊ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိရာ အလျား ၉၀ ပေ၊ အနံ ၂၅ ပေ ကျောင်းသား အိပ်ဆောင် ၂ ဆောင် တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ ဇေယျာကွက်သစ် ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှင့် ရွာထောင်ရွပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များနှင့် ယာယီကျောင်းဆောင်များတွင် စစ်ကိုင်းမြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



















