စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ် လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၁၆
၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်၊ မွန်းလွဲပိုင်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်း အနားအား ယခင်နှစ်များနည်းတူ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင် ရေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ထူးခြားမွန် မြတ်လှသည့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်ဖြစ်ပါ၍ လွတ်လပ်ရေးရရှိရန် စွန့်လွတ်အနစ် နာခံကြိုးပမ်းခဲ့မှုများနှင့် လွတ်လပ်ရေး၏ အနှစ်သာရနှင့်တန်ဖိုးအား လူငယ်များသိရှိစေ ရန်အတွက် ပြပွဲများ၊ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများမှ အလေးထား ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများ အလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
































