စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင် သိရှိနားလည်ရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့် အရေးကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၀ ရက်၊နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ကလေးသူငယ်တိုင်း မိမိတို့ ၏အခွင့်အရေးများအား သိရှိနားလည်စေခြင်းသည် လူ့ဘောင်ဖွံ့ဖြိုးမှုအတွက် အမှန် တကယ်လိုအပ်ပြီး နောင်တချိန်တွင် လူ့ဘောင်အသိုင်းအဝိုင်း၏ အရေးကြီးသည့် အခန်း ကဏ္ဍတွင်အရည်အသွေးပြည့်ဝသော ဦးဆောင်သူများဖြစ်လာစေရန်အတွက် အသိပညာ ပေးဆွေးနွေးပွဲများအား ကျင်းပလျက်ရှိပါကြောင်း၊ ကလေးသူငယ်တိုင်း အနှိပ်စက်ခံရမှု၊ အကြမ်းဖက်ခံရမှု၊ အလွဲသုံးစားပြုခြင်းခံရမှု၊ လူကုန်ကူးခြင်းခံရမှုစသည့် အန္တရာယ်များ အား သတိပြုကာကွယ်နိုင်ရန်၊ ပညာရေးနှင့် အကျင့်စာရိတ္တဖွံ့ဖြိုးမှုအတွက် အခြေခံတည် ဆောက်နိုင်ရေး အခြေခံလမ်း ကြောင်း ဖော်ဆောင်ပေးနိုင်ရန်၊ မိမိအခွင့်အရေးနှင့် တာဝန် တို့အား သိရှိနားလည်စေရန်နှင့် လေးစားမှုရှိစေရန်၊ အခြားသူများ၏အခွင့်အရေးအား ထိခိုက်စေမည့် အပြုအမူများမှ ရှောင်ရှားနိုင်စေရန်၊ ကလေးများသည်မိမိဘဝအား ထိခိုက်စေသည့် အန္တရာယ်များမှ ရှောင်ထိမ်းရန်နှင့် အသက်ရှင်နိုင်ရေးအခွင့်အရေးအား မိမိကိုယ်တိုင် အသိပညာရှိရန်တို့အတွက် ရည်ရွယ်ပြီး သိရှိရမည့်အသိပညာရပ်များအား နားလည်သဘောပေါက်အောင် အခန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ် လှိုင်မိုးမြတ်က ကလေး သူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးလှိုင်က သဘာဝဘေးနှင့်ပတ်သက်၍ ကာကွယ်နိုင်ရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အမှတ်(၈)မူးယစ်တပ်ဖွဲ့စုမုံရွာမှ ရဲမှူး ကြီးမြင့်က မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုတားဆီးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှရဲအုပ် မြတ်သူက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)မှ ရဲမှူးမိုးကျော်က ယာဉ်စည်းကမ်း၊လမ်း စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက “ဖွံ့ဖြိုးမှုဒိုင်ယာရီ”ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။





























