စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ (၇၈)နှစ် မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ
မုံရွာ ဖေဖော်ဝါရီ ၁၂
၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော် ဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင် တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နံနက် ၅ နာရီ၊ မိနစ် ၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံ အားတိုင်ထိပ်သို့လွှင့်တင်ကာ အခမ်းအနားသို့တက်ရောက်လာသူများနှင့် ဂုဏ်ပြုခံ တပ်ဖွဲ့တို့မှ အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် အဆိုပါ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့်ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့်သား ဖွားသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာ သိပ္ပံမှ သင်တန်းသား၊သင်တန်းသူများ၊ လူမူရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက် လာသူများ၊ ဂုဏ်ပြုခံတပ်ဖွဲ့တို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စု နေ့ အခမ်း အနားသို့ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားသို့ တက် ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် အသိပညာပေး ပြဘုတ်များ ပြသ ထားရှိမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
















