စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ ပညာကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများ နှစ် ဆုံးစာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး ကိုဖေဖော်ဝါရီလ ၅ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအေဝးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် မုံရွာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုကာလသည် စာမေးပွဲရာသီသို့ရောက်ရှိ လာပြီးမကြာမီတွင် အခြေခံပညာကျောင်းသား/ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေး ပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများအား ဖြေဆိုရတော့မည် ဖြစ်ပါကြောင်း၊ အဆိုပါစာ မေးပွဲများအား အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေးနှင့် တက္ကသိုလ်ဝင်သာမေးပွဲ အောင် ချက်မြင့်မားရေးအတွက် ယနေ့အစည်း အဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နှစ်ဆုံးစာ မေးပွဲအားဖြေဆိုကြမည့် ကျောင်းသား ကျောင်းကျောင်းသူများအနေဖြင့် အရည်အချင်းရှိစွာဖြင့် အတန်းစဉ်ကူးပြောင်းနိုင်ရန်နှင့် တက္ကသိုလ်စာမေးပွဲ အောင်ချက်မြင့်မားစေရန် ကျန်ရှိ သည့်ကာလတွင် အားသွန်ခွန်စိုက် ဖတ်မှတ်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် အကျိုးရှိစေမည့် နွေရာသီသင်တန်းများအား စဉ်ဆက်မပျက်ဖွင့်လှစ် သင်ကြားသွားကြ ရန်လိုအပ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း ယခုဖွင့်လှစ်နိုင်ခဲ့သည့် ကျောင်း နှင့်ကျောင်းသားဦးရေထက် တိုးချဲ့ဖွင့်လှစ်တက်ရောက်နိုင်ရေးအား ယခုကတည်းကပင် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ပညာရေး ဆိုင်ရာလုပ်ငန်းများအပါအဝင် မိမိတာဝန်များအား လုပ်ငန်းအားလုံး၏ လုပ်ထုံးလုပ်နည်း နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီး အတွင်းမှခရိုင်/မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက် မြင့်မားရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် ပညာရေးမှူးတို့မှ မိမိတို့ခရိုင်များ အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများ မှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ တို့မှ မိမိတို့ခရိုင်များအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေး ပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးလုပ်ငန်းများ ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများ နှစ် ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။





























