စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၂၇
တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၇/၂၀၂၄ -၂၀၂၅ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့ သို့အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ သင်တန်း သား သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များအား အသုံးချပြီး ကိုယ်ပိုင်လုပ် ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်သွင်းကုန်အစားထိုး ပို့ကုန်အမယ်မြှင့်တင်ခြင်းကိုလည်း အထောက်အကူပြုစေ မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများအား လက်တွေ့ ပြန်လည်အသုံးချပြီး အောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်း သား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံသင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့လည်း ကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းခန်းမ အတွင်းခင်းကျင်းပြသထားသည့် သင်တန်းသား/သူများကိုယ်တိုင် ပြုလုပ်ထားသည့် Bakery အမျိုးမျိုးတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




















