စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အခြေခံပညာကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ဖြေဆိုနေမှုများကြည့်ရှုအား ပေး
မုံရွာ၊ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (အလုံ)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ကျောင်းသား၊ကျောင်းသူ များစိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ စိတ် အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေး ထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များရှိ စာစစ်ဌာန ၃၅ ခုတွင် ကျောင်းသား၊ကျောင်း သူ စုစုပေါင်း - ၁၀၃၀၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


















