စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ MSMEs လုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှု
မုံရွာ၊ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ “မိုးမင်း” ဂစ်တာလုပ်ငန်းနှင့် မန်ကျီးစင်ရပ်ကွက်ရှိ ကြိမ်နှင့် ဗေဒါတို့ကို အသုံးပြု၍ ပရိဘောဂပစ္စည်း ထုတ်လုပ်ရောင်းချသည့်“သစ္စာရှင်”ဆိုင်သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံများမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်စွာဖြင့် ထုတ်လုပ်သွားရေး၊ ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး၊ နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ အဆင့်အတန်းမီ အရည်အသွေးမြှင့် ကုန်ပစ္စည်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့အား မှာကြားကာ လိုက်လံရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းစက်မှုဇုန်ရှိ Dr CLEAN ဆပ်ပြာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လက် ဆေးဆပ်ပြာဆီ၊ ပန်ကန်ဆေးဆပ်ပြာဆီ ၅၀၀ မီလီမီတာ၊ ၁.၂ ကီလိုဂရမ် ၊ ၂ ကီလိုဂရမ် ထုတ်လုပ် ထုတ်ပိုးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေ ရန်အတွက် အရှည် - ၇၀၀ ပေ၊ အကျယ် - ၆ ပေ၊ အမြင့် - ၅ ပေရှိ အုတ်စီရေဆိုးထုတ် မြောင်းဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သက် မှတ်ကာလတွင် စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး တို့အားမှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





















