စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသ ကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ် အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၁-၂၀၃၀ လုပ်ငန်းစီမံချက် (Action Plan)၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ် တွင်ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေအား တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၂၀-ပြည့်နှစ်၊ သေဆုံးမှု၏ (၅၀%)အထိ လျော့နည်းကျဆင်းလာစေရေး ရည်မှန်းချက်အား ကော်မတီအဖွဲ့ဝင်များမှ မျက်ခြေမပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လမ်းတစ်လမ်းအား စတင်တည်ဆောက်ချိန်ကတည်းက Road Safety အတွက် ထည့်သွင်းစဉ်းစားခြင်း၊ လမ်း ညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်တပ် ဆင်ခြင်းဖြင့် တည်ဆောက်မှုပုံစံဒီဇိုင်းများအား စနစ်တကျ သုံးသပ်တွက်ချက်တည် ဆောက်ခြင်းများ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခါတွင် အရေးပေါ်ပြုစုစောင့်ရှောက်ရန် လိုအပ်နေ သည့်ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသရန် နှင့်ကူညီစောင့်ရှောက်ရန်အတွက် Post Crash On The Spot အနေဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ထိရောက် မြန်ဆန်မှုရှိစေရေးအတွက်လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ Road Safety ဆိုင်ရာ သိမြင်နားလည်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု၊ လမ်းများ၏ လုံခြုံစိတ်ချရမှု၊ ယာဉ်မောင်းသူများအပါအဝင် လမ်းအသုံးပြု သူအားလုံး၏ စည်းကမ်းလိုက်နာမှုများ အဘက်ဘက်မှ ဟန်ချက်ညီညီ ပါဝင်လာမှသာ စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ရည်မှန်း ချက်များပြည့်ဝအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များအနေ ဖြင့်ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးတို့က တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ယာဉ်တိုက်မှုဖြစ်ပွားမှု အခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်း စီးမှုအခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ မိမိတို့ ခရိုင်များအတွင်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ် ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အဖွဲ့ဝင်များ၏ဆွေးနွေးတင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီး သီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရ သည်။



















