စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်း သားများနှင့် တွေ့ဆုံ
မုံရွာ၊ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများ လိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဟုမ္မလင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲဝင်းက ခရိုင်အတွင်းရှိ မြို့နယ် များ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများက ဟုမ္မလင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ဟုမ္မလင်းခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွား မည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသူ များအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန် ထမ်းများ၊ ဟုမ္မလင်းမြို့နယ် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ချင်းတိုင်း ရင်းသားအဖွဲ့များ အတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းခရိုင်/မြို့နယ်များ အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ရန်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ခရိုင်နှင့်မြို့နယ်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအားလုံးအပေါ် အုပ်ချုပ်ရေးမှူးများမှ ဦးစီးခေါင်းဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်း မှာကြားခဲ့ပြီး ဒေသဖွံ့ဖြိးရေးလုပ်ငန်းများအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့မ ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ ဝတ္ထုငွေများနှင့် လှူ ဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။









































