စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) တက်ရောက်
မုံရွာ၊ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄)ကို မေလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အစည်းအဝေးတွင်တင်ပြလာသည့် Centig Shwe Bo Co,Ltd သည် မိမိတို့ တိုင်းဒေသကြီး၏ အဓိကအားပေးဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဒေသ တစ်ခုထုတ်ကုန်တစ်မျိုး အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ရွှေဘိုပေါ်ဆန်းဆန်အား ပြည်တွင်း၊ပြည် ပဈေးကွက်တွင် ခိုင်မာစွာရပ်တည်နိုင်သည့် ဒေသထွက်ကုန်တစ်မျိုးအဖြစ် အသိအမှတ်ပြုနိုင် သည့် ထွက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းအား ကော်မတီ၏အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ရွှေဘိုပေါ်ဆန်းအပြင် ဒေသမှအကြိုက်များသည့် ရွှေဘိုဧရာမင်း ဆန်ကိုလည်း ကြိတ်ခွဲထုတ်လုပ်ရောင်းချသွားရန်နှင့် ရွှေဘိုပေါ်ဆန်းဆန်ဈေးကွက်သည် တဖြည်းဖြည်းကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများအပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်း၊ ကယား၊ ကရင်စသည့် ဒေသများတွင်လည်း ဈေးကွက်ရရှိပြီး ဝယ်လိုအားကောင်း သည့်ထွက်ကုန်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက် များသို့ပါတင်ပို့နိုင်အောင်နှင့် မြန်မာ့ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း၏ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်လာနိုင်အောင် ထိုးဖောက်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆန်စပါးကြိတ်ခွဲသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင် ရွက်လျက်ရှိသည့် Centig Shwe Bo Co,Ltd မှ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြင့်ခွင့်ပြုပါရန် တင်ပြ လာခြင်းကိစ္စနှင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Ngwe Aye Toe Co,Ltd မှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် ပြန်လည်တင်ပြလာခြင်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများပတ်သက်၍ ပူး ပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ကုမ္ပဏီလုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

































