စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ရွှေမင်းဝံဒိုင်း ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ မေ ၂၄
၂၀၂၄-ခုနှစ်၊ ရွှေမင်းဝံဒိုင်း ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာ ယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့အားကစားအဆင့် အတန်းမြင့် မားလာစေရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် မိမိတို့တိုင်းဒေသကြီး အစိုး ရအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့တွင် ရွှေမင်းဝံဒိုင်းနှင့် မုံရွာမြို့တွင် သလ္လာဝတီဖလား ဖိတ်ခေါ်အား ကစားပြိုင်ပွဲများအား ဇွန်လဒုတိယပတ်မှစတင်၍ ကျင်းပသွားဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ဆုကြေးများကိုလည်း ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ပြီး ပွဲစဉ်တစ်လျှောက်နှင့် နေရာအလိုက် အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအား တာဝန်ယူဆောင်ရွက်သွားမည့် ဒိုင်လူကြီးများမှလည်း အားကစားနည်းဥပဒေများအညီ တရားမျှ တစွာ အကောင်းဆုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လာရောက်ယှဉ်ပြိုင်မည့် အားက စားသမားများအတွက် တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များအား တာဝန်ရှိသူများမှ စနစ်တကျအလေးထား ကြိုတင်စီ မံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ချိတ်ဆက်၍ လာရောက်ယှဉ်ပြိုင်နိုင် ရေးဖိတ် ခေါ်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၄-ခုနှစ်၊ ရွှေမင်းဝံဒိုင်း ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ် ငန်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ၂၀၂၄-ခုနှစ်၊ ရွှေမင်းဝံ ဒိုင်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မိမိတို့ဌာနများအလိုက် တာဝန် ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းကဏ္ဍများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက် ရောက်လာသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက ၂၀၂၄-ခုနှစ်၊ ရွှေမင်းဝံဒိုင်း ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေး အကြံပြုတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။























































