စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ (စာပေးစာယူ) ဒုတိယနှစ်(အပတ်စဉ်-၂၃) သင်တန်းသား၊သင်တန်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ မေ ၁၇
စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့(စာပေးစာယူ) ဒုတိယနှစ် (အပတ်စဉ်-၂၃)သင်တန်းသား၊သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေတာဖြစ်သည့်အတွက် ဆရာ/ဆရာမများ အနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်သည့်နေရာတွင် အဓိကကျပါ ကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ ဒုတိယမိဘများဖြစ်ပြီး တပည့် များအား မိမိတို့၏သား၊သမီးအရင်းပမာ သဘောထားကာ ပညာအားကြိုးစားသင်ယူလိုစိတ်ရှိ အောင် အသိပညာဖွံ့ဖြိုးတိုးတက် ပြီးနိုင်ငံချစ်စိတ်ရှိအောင် သွန်သင်ဆုံးမပေးသွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများ သင်တန်းတက်ရောက်သည့်ကာလသည် ရာသီဥတုပူပြင်းသည့် အတွက် ကျန်းမာရေး၊ အသွားအလာ၊ အနေအထိုင်၊ အစားအသောက်တို့အား သတိပြုကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေ များပေးအပ်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်း သူများနှင့်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ တွေ့ဆုံပွဲအခမ်းအနား သို့တက်ရောက်လာ ကြသူများနှင့်သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဂေါပက အဖွဲ့များနှင့်တွေ့ဆုံရာ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စေတီတော်ကြီးအား ရှေးမူမပျက်ထိန်း သိမ်းထားရှိမှု၊ ဘုရားဖူးလာရောက်မှုနှင့်တည်းခိုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ အားရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရားဖူးပြည်သူများ စိတ်အေးချမ်း သာစွာ ဖြင့်ဖူးမျှော်နိုင်ရန် လျှပ်စစ်မီးနှင့်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် စေတီတော်ကြီးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်ရန်ဆောင်ရွက်သွားရေး တို့အားမှာကြားကာ ဂေါပကအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် စေတီ တော်ကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ညအိပ်ဖူးမြော်နိုင်ရန်အတွက် တည်းခို ဆောင်များနှင့် စားသောက်ခန်းများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စူဠာမဏိကောင်းမှုတော် စေတီတော်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ရုံးခန်းတွင် ဂေါပကအဖွဲ့များနှင့် တွေ့ဆုံရာ ဂေါပက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စေတီတော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂေါပကအဖွဲ့များ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် စူဠာမဏိကောင်းမှုတော် စေတီတော်ကြီးအား ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရန် တပ်ဆင်ထားသည့် ဆိုလာအချပ်ရေ ၉၆ ချပ်ဖြင့် ၅၀ ကီလိုဝပ် ထွက်ရှိသည့် ဆိုလာတပ်ဆင်ပြီးစီးမှုနှင့် စေတီတော်ကြီးပတ်ဝန်းကျင် ဆိုလာလျှပ်စစ်မီးများဖြင့် ပူဇော်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။















































