စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိ မာန်တော် အနီး “ရွှေတောင်ရိုး မိုတယ်”ဖွင့်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဇွန် ၁၄
စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊စေတီပုထိုးများအားသို့ လာရောက်ဖူးမျှော်ကြမည့် ပြည် တွင်း/ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီ တော်မြတ်ကြီး သာသနာ့ဗိမာန်တော်အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုး မိုတယ်”ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီတော်ကြီး မုဒ်ဦး ရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက “ရွှေတောင်ရိုးမိုတယ်” ဖွင့်လှစ်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ရွှေတောင်ရိုး မိုတယ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ “ရွှေတောင်ရိုးမိုတယ်” ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများမှ ရွှေတောင်ရိုးမိုတယ်အတွင်း လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စိန်ကုန်း ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့တွင် စစ်ကိုင်းတောင်ရိုး တောင်တက်လမ်းအခြေခံအလွှာပြုပြင် ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင် သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အပိုင်း ၁ အရှည်- ၃၆၀၀ ပေ၊ အကျယ် - ၃၆ ပေ၊ ၃ လက်မ ခွဲထု၊ အပိုင်း ၂ အရှည်- ၄၀၀၀ ပေ၊ အကျယ် - ၃၂ ပေ၊ ၃ လက်မခွဲထုနှင့် အပိုင်း ၃ အရှည်- ၃၃၀၀ ပေ၊ အကျယ် - ၃၂ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ကာ နိုင်လွန်ကတ္တရာခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၃ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနှင့် တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ရွှေမင်းဝံဒိုင်း အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ မဟာယူနိက်တက်အသင်းမှ စစ်ကိုင်းယူနိုက်တက်အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းများမှ အုပ်ချုပ်သူများထံ လာ ရောက်ယှဉ်ပြိုင်မှုခရီးစရိတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။




































