စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြောင်း အမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မုံရွာ၊ အောက်တိုဘာ ၂
စစ်ကိုင်တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိ သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ အခြေ ခံပညာကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေး များအားလုံး အခြေခံပညာကျောင်းများသို့ တက်ရောက်ကာ အေးချမ်းစွာဖြင့်ပညာသင် ကြားနိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများနှင့် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာ ရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့်လည်း မိမိခရိုင်/မြို့နယ်များအတွင်းရှိ အခြေ ခံပညာကျောင်းများအား ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းများသန့်ရှင်းသပ် ရပ်စေရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ သင်ထောက်ကူနှင့် ကျောင်းပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေးတို့အား ရပ်ရွာပြည်သူများ နှင့်ပူးပေါင်း ကာအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား/ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှု အခြေအနေများအား လည်း ကောင်း၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက မိမိတို့ ခရိုင်/မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေ များအား လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များမှ မိမိတို့တာဝန်ယူထမ်းဆောင်နေသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ အခြေခံ ပညာကျောင်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ၊ ကျောင်း ဆောင်အဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေများနှင့် ကျောင်းပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။






















