စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံ နေမှုများအား လိုက်လံကြည့်ရှု၊ ဌာနဆိုင်ရာများ၊ အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ
မုံရွာ၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီး သို့ အောက်တိုဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိရာ စေတီတော်ကြီး လုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြု ပြင်မွန်းမံနေမှု၊ စေတီတော်ကြီး ရင်ပြင်တော်အား နေပူခံကျောက်ပြားများ ခင်းကျင်းရန်ပြု ပြင်နေမှု၊ စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံ တည် ထားကိုးကွယ်နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန် လည်ပြင်ဆင် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ဥာဏ်တော် ၁၀၈ ပေရှိ “မဟိယင်္ဂဏ” စေတီ တော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီး အတက်လမ်း ပြုပြင်နေမှုများ နှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများ အသစ် ပြန်လည်မွမ်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်ရှိ “အောင်သိဒွီ” စေတီ တော်၊ “ဇမ္ဗုမင်္ဂလာ”စေတီတော်၊ “စက္ကဝဠာမင်းရန်သိမ်း”ဆုတောင်း ပြည့်စေတီတော်၊ “ဖောင်တော်ဦး”ဆုတောင်းပြည့်စေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ် ငန်းများ ဆောင်ရွက်နေမှုများနှင့် တကောင်းရပ်ကွက် “သစ္စာ”စေတီတော်ရှိ အရန်စေတီတော် ၇ ဆူ ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံးများ ပြန်လည်ပြုပြင်ပြီးစီးမှုများနှင့် ပြန် လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စီချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဌာနဆိုင်ရာများအနေဖြင့် ဘဏ္ဍာနှစ်အလိုက်ရရှိထားသည့် ဘဏ္ဍာငွေများအား အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲသွားရေး၊ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် ခရိုင်အတွင်း ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသည့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ ရေးတို့အတွက် အလေး ထားဆောင်ရွက်သွာကြရန်နှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိ သူအားလုံးအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းများမှန်ကန်စေ ရန်အတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီး ဌာနနှင့် ကော်မရှင်အဖွဲ့များသာမက တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် စစ်ကိုင်း ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊မွေးမြူနေမှု၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

























