စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း(၆/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ကွန်ပျူတာနည်းပညာဘာသာရပ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိကြမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းလူ ငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကွန်ပျူတာအခြေခံသင်တန်းများအား ဖွင့် လှစ်စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ သင်တန်သား/သူများအနေဖြင့် သင်တန်းမှသင် ကြားပို့ချပေးမည့် ကွန်ပျူတာပညာရပ်များအား ခေတ်နှင့်အညီ ကျွမ်းကျွမ်းကျင်ကျင် သင်ယူ တတ်မြောက်ထားရန် လိုအပ်သကဲ့သို့ တတ်မြောက်ထားသည့် နည်းပညာများကိုလည်း မှန်မှန် ကန်ကန်နှင့်အကျိုးရှိရှိ အသုံးချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၅ ခရိုင်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၆/၂၀၂၄)သင်တန်းများအတွက် ငွေကျပ်- ၁၀၇၉၀၀၀ (တစ်ဆယ်သိန်းခုနှစ်သောင်းကိုးထောင်) ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံ Community Centre အတွက် လမ်းပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း - ၄၀ နှင့်ဘိလပ် မြေအိတ် - ၁၆၉ အိတ်အား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား အခြေခံကွန်ပျူ တာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုစစ်အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်း(၆/၂၀၂၄) အား တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခရိုင် ၅ ခရိုင်တွင် သင်တန်းသား/သူ ၇၂ ဦးတက်ရောက် သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁ လအကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

































