စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဆရာ တော်၊သံဃာတော်များထံ လှူဖွယ်ပစ္စည်းများဆက် ကပ်လှူဒါန်းခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပညာရောင် ခြည်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မာရုံတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပညာရောင်ခြည်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ ဈေး၌ အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ၊ RC ၂ ထပ် စေျးရုံအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်း မီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ တည်ဆောက် ရေးလုပ်ငန်းများပြီးစီးပါက ဈေးဆိုင်ခန်းများအား စနစ်တကျခွဲဝေချထားပေးရေးနှင့် လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗန္ဓုလ ဈေးကြီးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်များအား ရင်းရင်းနှီး နှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






























