စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်
မုံရွာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္ပဌာန်းဌာနသို့ ရောက် ရှိရာ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠ သမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေ များဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပြုလုပ်သော (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အနုပညာရှင်များအနေ ဖြင့်မိမိတို့ပါဝင်ယှဉ်ပြိုင်ရမည့် ဘာသာရပ်အား ဆရာကြီး/ဆရာမကြီးများ သင်ကြားပြသထား သည့်အတိုင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ယှဉ်ပြိုင်နိုင်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ယှဉ်ပြိုင် သွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအား သင်ကြားပြသပေးသည့် အနုပညာရှင်ကြီးများ၊ မိဘအုပ်ထိန်းသူများ၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ဝတ်စုံများ ဝတ်ဆင်ရေးက
အစလုပ်ငန်းကိစ္စအရာအားလုံးအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလေး အနက်ထား ကြိုတင်စီမံမှုများဖြင့် ပြည့်စုံအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်နည်း ပြများနှင့် ပြိုင်ပွဲဝင်များအနေဖြင့် ယခုကာလရာသီဥတုသည် မိုးနှောင်းကာလဖြစ်သည့်အတွက် ရာသီဥတုကပူလွယ်၊အေးလွယ် အပြောင်းအလဲ မြန်ဆန်လွန်းခြင်းကြောင့် ဖျားနာရောဂါ၊ တုတ်ကွေးရောဂါနှင့် နှာစေးချောင်းဆိုးရောဂါများ မဖြစ်ရလေအောင် တစ်ဦးချင်း၏ ကျန်းမာရေး အား အလးထားဂရုစိုက်နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြပြီး တစ်နေရာထဲတွင် စုစည်းပူးပေါင်းနေထိုင် ကြကာ အတူတကွသွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည့်အတွက် တစ်လှေထဲစီးတစ်ခရီးထဲသွား မိသားစုစိတ်ဓာတ်များဖြင့် ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး နေထိုင်သွားကြရန်နှင့် အပြန်အလှန် ကူညီမှု လေးစားမှုရှိကြကာ မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များစွာဖြစ်အောင် အချိန်ရှိခိုက်တွင် သင်ယူလေ့ကျင့်ပြီး အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနု ပညာရှင်၊ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဘာသာရပ်ပေါင်း ၈၉ မျိုး၌ ပြိုင်ပွဲဝင်စုစုပေါင်း ၂၅၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။







































