စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာလေဆိပ်သို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာလေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းတစ်လျောက် လေယာဉ်အတက်အဆင်း အဆင်ပြေချောမွေ့စေရန် ပြေးလမ်းများနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လေဆိပ်အတွင်းရှိ ခရီးသည် နားနေဆောင်များတွင် ခရီးသည်များစိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေးအတွက် သန့်ရှင်းသပ်ရပ်မှုနှင့်စနစ်တကျရှိစေရေး၊ လေဆိပ်အတွင်းရှိ အဆောက်အဦများအတွင်း အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့နှင့် လေဆိပ်အဆောက်အဦအပြင်ရှိ လမ်းများပေါ် တွင်ရေဝပ်မှုမရှိစေရေးအတွက် ရေနှုတ်မြောင်းများဖောက်လုပ်ရေး၊ ယာဉ်ရပ်နားမည့် နေရာများ စနစ်တကျရှိစေရေး၊ လေဆိပ်ပတ်ဝန်းကျင် အရိပ်ရသစ်ပင်များနှင့် အလှပန်း ပင်များစိုက်ပျိုးရေးတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မုံရွာလေဆိပ်တာဝန်ခံမှ လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးအတွက် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံ
ကြည့်ရှုအားပေးခဲ့ကြပြီး ဆရာ/ဆရာများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ အဆောင်များတွင် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စား သောက်ရေးနှင့်နေထိုင်ရေးများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များအား တာဝန် ရှိသူများအား မှာကြားကာ ဆရာ/ဆရာမများနှင့် ကျောင်းသာ/သူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






















































