စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ် စတုတ္ထပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကျော်နှင့်ဇနီး၊တိုင်းဒေသကြီတရားသူကြီး ချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမ များ၊ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူ အင်အား ၃၅၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံဝှေ့ရမ်းကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အရှေ့ကန်သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ (၁)အတွဲ(၂)သရုပ်ပြသမှုများနှင့် Physical Fitness Dance တေးသီချင်းများဖြင့် သွေးပူလေ့ ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာန များမှ ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများဖွင့်ဖောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ဆုမဲပေါက်သူများ အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် ကွေ့ကြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှု နေမှုများအား ကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများ အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၃) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ အား လည်းကောင်း၊ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်း အတွင်းရှိ အိုးဘိုတောင်ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ အမှတ်(၁)နှင့်မဲရုံအမှတ်(၂) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည်ရှုခဲ့ကြပြီး မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




































