မုံရွာ၊ ဒီဇင်ဘာ ၅
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့၊ ပြူကံရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့်ဆင့် နှင့် စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး စစ်ကိုင်းမြို့၊ ကျောက်ဆစ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဝဏ္ဍိတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြ သည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ပြည်တော်အေး ကျောင်းတိုက် ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက အနုမောဒနာတရား နာယူကြည့်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်း အနားကိုရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် ဇဗ္ဗူမင်္ဂလာဆုတောင်းပြည့်စေတီတော် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား အမွှေးနံ့သာရေများ ပက်ဖျန်းကာ စေတီတော်ပေါ်သို့တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်ရှိ ဆုတောင်းပြည့် ဖောင်တော်ဦးစေတီတော်နှင့် ဖောင်တော်ဦးဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံ အဆင့်ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး စစ်ကိုင်းမြို့၊ ရပ်ကျေးသံဃနာယကအဖွဲ့ အိမ်ဖြူတောရကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူ ဒါန်းကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ပြည်တော်အေး ကျောင်းတိုက် ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက အနုမောဒနာတရား နာယူကြည့်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်း အနားကိုရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် ဆုတောင်းပြည့် ဖောင်တော်ဦးစေတီတော် နှင့်ဖောင်တော်ဦးဆုတောင်းပြည့်စေတီတော် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား အမွှေးနံ့သာရေများ ပတ်ဖျန်းကာ စေတီတော်ပေါ်သို့တင်လှူပူဇော်ခဲ့ ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စေတီတော် ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိက အဆောက် အဦများပြန်လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံ ကျောက်ပြား များခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန် ဆောင်းပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ “ထူပါရုံ”စေတီတော်မြတ်ကြီးနှင့် “မဟာစေတီကြီး” စေတီတော်များ လုံးတော်ပြည့်ပြန် လည်မွမ်းမံပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ၊ အာရုံ ခံတန်ဆောင်းများ ပြန်လည်မွန်းမံ တည်ထားကိုးကွယ်နေမှုများနှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ”စေတီတော်မြတ်ကြီးနှင့် ဥာဏ်တော် ၁၀၈ ပေရှိ “မဟိယင်္ဂဏ” စေတီတော် မြတ်ကြီးများ အသစ်ပြန်လည်မွန်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီတော်မြတ် ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုများနှင့် သောတာပန်ရပ်ကွက်ရှိ လေးကျွန်းမာရ် အောင်စေတီတော် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြ ပြီး ပြန်လည်မွန်းမံတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


