စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကျေးလက်ဒေသ နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး (ဒုတိယအ ကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မုံရွာ၊ မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည် သူများအတွက် အခြေခံစာတက်မြောက်ရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း အခြေခံ စာတက်မြောက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်း များမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့ဒေသရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူ စာမတက်သူများ စာတတ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စာသင်သားစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် စာသင်ဝိုင်းများ ခွဲဝေသက်မှတ်ခြင်းလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာစာသင်ဝိုင်းများတွင် စာသင်ကြားပေးမည့် ဆရာ/ဆရာများအား ပြန်လည်သင်ကြားပို့ချပေးမည့်နည်းပြများကို ဗဟိုသို့အချိန်မီ သင်တန်း တက်ရောက်နိုင်စေရေး တာဝန်ရှိသူများမှ စီစစ်ရွေးချယ်စေလွှတ်ရေးတို့ကို အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Video Conferencing စနစ်ဖြင့် တက်ရောက်နေကြသည့် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌများမှလည်း မိမိတို့ခရိုင်/မြို့နယ်များအတွင်း အခြေခံစာတတ် မြောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖြည့်ဆည်းပေးရန်လိုအပ်မှုများအား တင်ပြသွားကြရန်နှင့်လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်စေရေးအတွက် တာဝန်ရှိသူများအားလုံးမှ ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေပြည် သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများအား လည်းကောင်း၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ခရိုင်အတွင်း ကျေး လက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






















